Thursday, May 21, 2015

အနာစိမ်း



ဟိုတလောက သားရဲ့ ခေါင်းမှာ အနာစိမ်း ၃ ခုလောက် ပေါက်တယ်။ အင်ပြင်တွေ ထတယ်။ ဆေးခန်းသွားတယ်။ အင်ပြင်ထတာကတော့ အလားဂျစ်ကြောင့်လို့ ပြောတယ်။ လိမ်းဆေး သောက်ဆေးတွေ ပေးတယ်။ နောက်နေ့တွေမှ သံချဆေး ပေးမယ်လို့ ဆိုတယ်။
အင်ပြင်တွေကတော့ နာရီပိုင်းပဲ ပေါက်တယ်။ အနာစိမ်း ဆေးလိမ်းပေးတယ်။ သောက်ဆေးတွေထဲမှာ အ၀င်ဆိုးတဲ့ဆေးရည်ကို မတိုက်ဖြစ်ဘူး။
အနာစိမ်းတွေ ပျောက်ပါတယ်။ ပျောက်ပေမယ့် ခေါင်းမှာ၊ ခါးမှာ အနာစိမ်း သုံးလေးငါး ခုလောက် ပေါက်တယ်။ အဲဒီကာလမှာ ၃ ရက်လောက် ဆက်တိုက် ၂၄ နာရီ ဂျီကျဖူးတယ်။
ညသန်းခေါင် တရေးနိုးလည်း ထပြီး ဂျီကျတယ်။ ကိုယ့်သားမှ ဟုတ်ပါလေစလို့တောင် ထင်မိတယ်။

သက်ေသာ ပျောက်ကင်းချိန်မှာတော့ ပုံမှန်ပြန်ဖြစ်သွား၊ လိမ်မာသွားပြီ။

ဟိုတလောက အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားရခြင်း အကြောင်းရင်းကို ဆန်းစစ်ကြည့်တော့ အနာစိမ်းကြောင့်ဖြစ်မယ်လို့ သားမေမေက ခန့်မှန်းတယ်။
လူကြီးတွေ အနာစိမ်း ၁ ခု ပေါက်ရင်တောင် အတော် ခံရတာ ....  ဒီကောင်လေး တချိန်တည်း အများကြီးပေါက်တော့ စိတ်တွေတိုပြီး ဂျီကျတာဖြစ်နိုင်တယ် တဲ့။
စကားလည်း နည်းနည်းပဲ တတ်သေးတော့ သူ့ခံစားချက်ကို ထုတ်မပြောနိုင်ဘူး။ သို့သော်လည်း နာတာကို နာတယ်လို့တော့ ပြောနိုင်ပြီဆိုပေမယ့် မပြောဘူး။ မပြောတော့ ခက်ကုန်တာပေါ့။

အနာစိမ်းပေါက်တဲ့အခါ အတွဲလိုက်မပေါက်ရင် ကောင်းမှာပဲ။

ပြေးရင်း ဆော့ရင်းနဲ့ ခါးက အနာစိမ်း သွားထိတုန်းက အော်ငိုသေးတယ်။ ဆေးလည်း အလိမ်းမခံဘူး။ သူအိပ်တဲ့အချိန်မှာလိမ်း၊ ချော့ပြီးလိမ်း။

ခုတော့ အနာစိမ်းတွေ ပြေးပါပြီ။

(ဓာတ်ပုံကိုတော့ အနာစိမ်း မပေါက်ခင် ၂ ပတ် အလိုမှာ ရိုက်ထားတာ။ သင်္ကြန်တွင်း။ သထုံ။ လူမကြောက်တဲ့ နွားပေါ် ခဏ တင်ထားပေးတာ)

No comments:

Post a Comment