Saturday, October 29, 2016

ပျော်ပါးဖို့ရာ လွယ်ပါတယ်


အုတ်နံရံမှာ ပုံဆွဲရမယ်လို့ မူကြိုကျောင်းမှာ သင်ပေးလိုက်သလား မသိပါဘူး၊ အိမ်မှာတော့ အကြီးကောင်က နံရံတွေကို အပိုင်စား ရထားတော်မူတယ်။



 မနှစ်တုန်းကတော့ ခဲတံ၊ ဘောပင်တို့နဲ့ ဆွဲထားတာဆိုတော့ အနီးကပ်ကြည့်မှ သူ့လက်ရာကို ခံစားနိုင်တယ်။
ဒါကို သူက အားမရဘူး ထင်ပါရဲ့... အခုတော့ ဆော့ပင်သုံးပြီး လက်စွမ်းပြလာတယ်။


ပုံ 1 က လေယာဉ်ပျံ။ လေယာဉ်ပျံအောက်က ခရီးသည်လက်တွန်းလှည်းပုံဖြစ်မယ်လို့ ယူဆရ။
သူ ၂ နှစ်သား အရွယ် မရောက်ခင် ရန်ကုန် မန္တလေး လေယာဉ် ခရီးစဉ် ၂ ကြိမ်လောက် ကြုံဖူးတယ်။ အဲဒါကို သူ မှတ်မိမယ် မထင်ဘူး။
စကားပြောတတ်ခါစ ၃ နှစ် ပြည့်တော့ လေယာဉ်ပျံ ဆိုတာကို သိနေပြီ။ ကာတွန်းကား၊ ရုပ်ရှင်၊ စာအုပ်တွေထဲ မြင်တယ်ဆိုရင် "လေယာဉ်ပျံ၊ လေယာဉ်ပျံ" ဆိုပီး အော်ပြောတတ်နေပြီ ရင်ခုန်စွာနဲ့။ သူ့ဖေဖေကို ပုံဆွဲခိုင်းတဲ့အခါ လေယာဉ်တို့၊ ရထားတို့ ဆွဲပေးဖို့ ပွဲတောင်းတတ်နေပြီ။
 ၄ နှစ် ပြည့်ပြီးတော့ လေယာဉ်ကွင်းကို နှစ်ကြိမ် ထပ်သွားတယ်။ လေယာဉ်စီးဖို့ မဟုတ်။ ခရီးသည်ကြိုဖို့။ လေယာဉ်ပျံကို မမြင်ရဘူး၊ တွန်းလှည်းတွေ လူတွေကိုပဲ မြင်ရတယ်။ မေမေ ဖေဖေ သွားလာတဲ့နေရာ သူ့ကို ခေါ်တဲ့အတွက် သူ ကျေနပ်တယ်။


ပုံ 2 က ရထား။ ရထားကို ၁ နှစ်သား ပြည့်ပြီးကတည်းက တမေ့တမော စီးဖူးပေမယ့် သူ မမှတ်မိဘူး ထင်တာပဲ။
ရထားတွေကို ဇာတ်ကောင်အဖြစ် သရုပ်ဖော်ထားတဲ့ ကာတွန်းကားကြည့်ပြီး ရထားကို ရထားမှန်း သိနေတာ။
ရန်ကုန် မြို့ပတ်ရထား ၁ ကြိမ် စီးဖူးတယ်။
မနှစ်က ဆိုရင် ကောင်းကောင်း မကြော်ငြာ၊ လူမသိ၊ လူမစီးလို့ ရပ်လိုက်ရတဲ့ ပုဇွန်တောင်-မော်တင် ကားရထား ၁ ကြိမ် စီးဖူးတယ်။
ကလေး ဆိုတော့ ရထားမြင်ရင် ရင်ခုန်နေပါလိမ့်မယ်။
ဒီဇင်ဘာ ရွာပြန်ရင် ရထားနဲ့ ပြန်မယ်လို့ သူ့မေမေက ဆုံးဖြတ်ထားတော့ သူ ရင်ခုန်ရတော့မယ် ဆိုပါစို့။

ပုံ 3 က သင်္ဘော။ ဒါလည်း ရုပ်မြင်သံကြားမှာ မြင်ရတာတွေထဲက တခု။ ရန်ကုန်-ဒလ အသွားအပြန် စီးဖူးတာ မနှစ်က ဆိုတော့ သူ မှတ်မိပါလိမ့်မယ်။

ပုံ 4  က ဘာလဲ သူ့ကို မေးတော့ မော်လမြိုင်ကား လို့ ဆိုတယ်။ မော်လမြိုင် ရန်ကုန် အဝေးပြေးကားကို ဆိုလိုချင်ပုံပဲ။ ကားမှာ ကကြီး လို့ ရေးထားတာက အင်္ဂလိပ်စာလုံး M ဖြစ်ပါလိမ့်မယ်။
မော်လမြိုင်ဘက်ကို အဝေးပြေးကားနဲ့ သွားတုန်းက မန္တလာမင်းကား အသုံးများတယ်။ မန္တလာမင်းက M ကို ခပ်ကြီးကြီး ရေးထားတတ်တယ်။ ဒါကြောင့် သူက M ကို ရေးလိုက်တာ ဖြစ်နိုင်ကြောင်း သူ့မေမေက သုံးသပ်တယ်။

ပုံ 5 က အရေးပေါ်ကားလို့ ဆိုတယ်။ ကာတွန်းကားထဲ ပါတတ်တဲ့ကား ဆိုပါတော့။ ဟိုတလောက အောက်ထပ် မြောင်းမြဒေါ်ချိုမုန့်ဟင်းခါးဆိုင်မှာ မွေ့ယာတခု မီးလောင်သွားတုန်းက မီးသတ်ကား တပြုံတခေါင်း ရောက်လာတယ် ညကြီးမင်းကြီး။
ညဘက် အရေးပေါ်မီး၊ ဥသြဆွဲသံတွေနဲ့ ရောက်လာတဲ့ အရေးပေါ်ကား မီးသတ်ကားတွေ အနီးကပ် မြင်လိုက်ရတာ သူ့အတွက် မဟာ အခွင့်အရေး ဖြစ်ပါလိမ့်မယ်။

ပုံ 6 က အမှိုက်ကားပုံ လို့ ဆိုတယ်။

သူ့လက်ရာ ဒီပုံတွေက အလှ ပြထားတာပါ။ ဘယ်သူ့ကိုမှ မရောင်းပါ။


Friday, October 28, 2016

Lion

ဦးဇာနည်ဝင်းသား အကြီးကောင် ဆွဲထားတာ။
ခြင်္သေ့ပုံ။
သူက ခြင်္သေ့ကို တိရစ္ဆာန်မျိုးစုံပိုစတာမှာ မြင်ဖူးတယ်၊ ရန်ကုန် တိရစ္ဆာန်ရုံမှာလည်း အရှင်လတ်လတ် မြင်ဖူးတယ်။
သူ့ပုံထဲ အင်္ဂါရပ် အားလုံး ပြည့်စုံအောင် ထည့်ထားတာ သတိထားမိတယ်။
သူတို့ကို စာရွက်နဲ့ ဘောပင် - ခဲတံ ပေးထားတော့ ဘာဖြစ်မလဲ။
ကလေးတွေ ပုံဆွဲခြင်းအားဖြင့် ဖန်တီး တီထွင် စဉ်းစားတဲ့ အလေ့အကျင့် ရလာမယ် ထင်တယ်။
ပုံဆွဲခြင်းဟာ ပန်းချီဆွဲသူဖြစ်လာခြင်းအတွက် အခြေခံဖြစ်တယ်၊ ကလေးတွေက ပုံဆွဲတာ ကြိုက်ကြတယ် ဆိုသော်လည်း  ကလေးဘဝ ကျော်သွားရင်တော့ သူတို့ ကြိုက်ချင်မှ ကြိုက်တော့မယ်။


Monday, August 8, 2016

စောဝါးဝါးရှီး ဘားအံခရီး


ရွာမှာ ရက်ပေါင်း ၃ဝ ကျော် နေထိုင်ပြီး သကာလ ဘားအံမြို့ကို အလည်ရောက်တဲ့ စောဝါးဝါးရှီး။
ပျော်စရာကြီးပေါ့။

ဘားအံရောက်တော့ စိတ်ဝင်စားစရာ ကောင်းတဲ့ ဆိုင်လေးတခုမှာ သွားစားကြတယ်။
မေမေ့ သူငယ်ချင်း ခေါ်သွားတာ အဲဒီနေရာကို။ ညစာ ကျွေးတယ်။ လူကြီးတွေကတော့ စားလို့ ကောင်းကြတယ်။
စောဝါးဝါးရှီးကလည်း ... အင်း... ကောင်းပါတယ်။

ဆိုင်အကြောင်း ညီလေးရဲ့ စာမျက်နှာ http://sawthashee.blogspot.com/2016/08/blog-post_6.html မှာ ဖတ်ပါ။

လူကြီးတွေလည်း မတွေ့ရတာကြာပြီမို့ ဝမ်းသာအားရ စကားတွေ ပြောကြ။

သားလည်း ဘားအံ အိမ်မှာ  အရုပ်တွေ အများကြီးတွေ့ရလို့ ဝမ်းသာတယ်။   ။


Monday, February 1, 2016

4th birthday



မနက်ပိုင်း မူကြိုကျောင်းတက်ချိန် ကမ္ဘာမကြေသီချင်းနဲ့ အစပြုတယ်။


နေ့လယ်ပိုင်း ထမင်းစားချိန်မှာ  မွေးနေ့ပွဲ လုပ်တယ်။ ဒီနေ့ ဝါးဝါးရှီး ၄ နှစ်ပြည့်ပြီလေ။

မွေးနေ့ ဆုတောင်း၊ သီချင်းဆို၊ ဖယောင်းတိုင်မှုတ်၊ ကိတ်မုန့်ခွဲပြီးနောက်မှာတော့ ဘော်ဒါတွေနဲ့အတူ ကြာဇံကြော် အားပေးတယ်။ ကြာဇံကြော်က မေမေနဲ့ ဘော်ဒါများရဲ့ လက်ရာပေါ့။

ကြာဆံ ၁ ပွဲ စားပြီးတဲ့ပုံ။
ညနေပိုင်း ဆူးလေပန်းခြံ သွားကြတယ်။ မှောင်တဲ့အချိန် ဝန်ထမ်းတွေ မောင်းထုတ်ခေါင်းလောင်းတီးချိန်မှ အိမ်ပြန်ကြတယ်။

Thursday, May 21, 2015

အနာစိမ်း



ဟိုတလောက သားရဲ့ ခေါင်းမှာ အနာစိမ်း ၃ ခုလောက် ပေါက်တယ်။ အင်ပြင်တွေ ထတယ်။ ဆေးခန်းသွားတယ်။ အင်ပြင်ထတာကတော့ အလားဂျစ်ကြောင့်လို့ ပြောတယ်။ လိမ်းဆေး သောက်ဆေးတွေ ပေးတယ်။ နောက်နေ့တွေမှ သံချဆေး ပေးမယ်လို့ ဆိုတယ်။
အင်ပြင်တွေကတော့ နာရီပိုင်းပဲ ပေါက်တယ်။ အနာစိမ်း ဆေးလိမ်းပေးတယ်။ သောက်ဆေးတွေထဲမှာ အ၀င်ဆိုးတဲ့ဆေးရည်ကို မတိုက်ဖြစ်ဘူး။
အနာစိမ်းတွေ ပျောက်ပါတယ်။ ပျောက်ပေမယ့် ခေါင်းမှာ၊ ခါးမှာ အနာစိမ်း သုံးလေးငါး ခုလောက် ပေါက်တယ်။ အဲဒီကာလမှာ ၃ ရက်လောက် ဆက်တိုက် ၂၄ နာရီ ဂျီကျဖူးတယ်။
ညသန်းခေါင် တရေးနိုးလည်း ထပြီး ဂျီကျတယ်။ ကိုယ့်သားမှ ဟုတ်ပါလေစလို့တောင် ထင်မိတယ်။

သက်ေသာ ပျောက်ကင်းချိန်မှာတော့ ပုံမှန်ပြန်ဖြစ်သွား၊ လိမ်မာသွားပြီ။

ဟိုတလောက အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားရခြင်း အကြောင်းရင်းကို ဆန်းစစ်ကြည့်တော့ အနာစိမ်းကြောင့်ဖြစ်မယ်လို့ သားမေမေက ခန့်မှန်းတယ်။
လူကြီးတွေ အနာစိမ်း ၁ ခု ပေါက်ရင်တောင် အတော် ခံရတာ ....  ဒီကောင်လေး တချိန်တည်း အများကြီးပေါက်တော့ စိတ်တွေတိုပြီး ဂျီကျတာဖြစ်နိုင်တယ် တဲ့။
စကားလည်း နည်းနည်းပဲ တတ်သေးတော့ သူ့ခံစားချက်ကို ထုတ်မပြောနိုင်ဘူး။ သို့သော်လည်း နာတာကို နာတယ်လို့တော့ ပြောနိုင်ပြီဆိုပေမယ့် မပြောဘူး။ မပြောတော့ ခက်ကုန်တာပေါ့။

အနာစိမ်းပေါက်တဲ့အခါ အတွဲလိုက်မပေါက်ရင် ကောင်းမှာပဲ။

ပြေးရင်း ဆော့ရင်းနဲ့ ခါးက အနာစိမ်း သွားထိတုန်းက အော်ငိုသေးတယ်။ ဆေးလည်း အလိမ်းမခံဘူး။ သူအိပ်တဲ့အချိန်မှာလိမ်း၊ ချော့ပြီးလိမ်း။

ခုတော့ အနာစိမ်းတွေ ပြေးပါပြီ။

(ဓာတ်ပုံကိုတော့ အနာစိမ်း မပေါက်ခင် ၂ ပတ် အလိုမှာ ရိုက်ထားတာ။ သင်္ကြန်တွင်း။ သထုံ။ လူမကြောက်တဲ့ နွားပေါ် ခဏ တင်ထားပေးတာ)

Saturday, January 3, 2015

နှစ်ဆန်း နှစ်ရက်နေ့ မွန်ပြည်နယ် ကျေးလက်ဒေသတခုမှာ တွေ့ရတဲ့ တောဂေါ်လီ






 






ကျုပ်ရဲ့ လေးဂွစာ မိသွားတဲ့ ငှက်ကို သွားကောက်မလို့ပါဗျ။




လာခဲ့ လာခဲ့၊ ဒီနားမှာ ကျသွားတာ ဖြစ်မယ်။


သေချာပါတယ်၊ ဒီဘက်နား ထိုးကျသွားတာ သေချာတယ်။

ဒီငှက် ... ဘယ်ရောက်သွားပါလိမ့်။ တောက်..... ပျောက်သွားပြီကွာ။

ဒီတခါ ပစ်ရင်တော့ အတွင်းအား အပြည့်ထည့်ပြီး ပစ်ထည့်လိုက်မယ်။

လေးဂွကို အထင်မသေးကြနဲ့။


မြန်မာပြည်ကောင်းဘွိုင်တို့ရဲ့ အင်အားအကောင်းဆုံး လက်နက်။
အသံတိတ်လက်နက်ဆိုလည်း ဟုတ်တယ်။

ရေစိမ်လည်းခံတယ်။ အကြမ်းခံတယ်။ ဥတုသုံးပါးမရွေး သုံးနိုင်တယ်။ မြန်မာပြည်တွင်ပြုလုပ်သည် မိတ်အင်ဘားမား ဆိုပြီး အထင်သေးမယ်၊ မလေးမစားလုပ်မယ် မကြံနဲ့။



 ဟောသမှာ ...
.... ဟောသလို ကိုင်၊ ဟောသလို ချိန်ပြီး
.... ဟောသလို ပစ်တာကို ခံရရင် ဆွေမျိုးမေ့သွားမယ်း)


Wednesday, October 9, 2013

not for sale


it's in a toy shop on a Sunday.
my daddy put me in the shelve for a while.
it's fun to sit inside.

i received some toys, by the way :D Yahooooo!
if possible, i want to be a part time or full time staff there:D

.

Saturday, April 13, 2013

Happy Water Festival


The water festival takes place in Southeast Asian countries.

(As far as I am concerned, I celebrate Water Festival everyday.)
:D

Friday, February 15, 2013

youngest driver you have ever seen

driving is not  difficult.
this is manual car.
Oh, it's very easy, man. Let's drive!

But, shifting gears can be a headache.
Ah, what should I do?

Okay, I have an idea.
just hold the steering wheel while you are driving.
forget the gear stick!
that's it.
;)

Thursday, February 14, 2013

Happy Valentine's Day!


me and mom (Feb 13th)
Happy Valentine's Day!
Oops, what is Valentine's Day?


?

Wednesday, February 13, 2013

happy birthday!

me on my first birthday  (Feb 1st) (photo by Jason)

Soft drinks at my birthday party



some Rangoon-style-pork


fried noodle

my parents' friends enjoyed the food, i guess :D

Thursday, January 31, 2013

my birthday!


Tomorrow is my very first birthday.
It's a good opportunity for my parents to invite their friends and have fun.
Now, they are preparing for fried thin noodle and pork offal skewers.

 











photographer: daddy
models: me, mom and daddy

Thursday, January 10, 2013

sunglasses


You will need sunglasses when you become the victim of photographer(s).
It's perfect protection for your eyes.
The view through the dark glasses is not hundred percent clear.

This photo was taken very recently when I was forced to pick my daddy up at the airport.

The problem is ... I didn't recognize him when he showed up. He did tell me that he's my father.

I tried my best to remember who he was.

Finally, I realized that he's very familiar to me. It took one day for our relationship to return to normal.

He should blame the sunglasses, not me.
:D

Thursday, October 4, 2012

old-fashioned daddy


“My son, the laptop is more convenient than a desktop, you know.”


“Whatever”

OMG! Daddy is a real old-fashioned guy. He doesn’t seem to know about iPad and iPhone 5. 
Poor daddy!


~

Thursday, August 9, 2012

excuse


Model: myself
Location: middle of the room
Camera: Canon PC1256
Photographer: my father
Time: 11:30 pm, today



Happy birthday to you ... ♫ ♪♫

happy birthday to you .. ♪♫

happy birthday dear Whar Whar Shee ... ♫♫♫

happy birthday to you ...... ♪♪ ♪♫



The above song was kindly composed by my father.

He said that it's dedicated to the six – month anniversary of my birth.

But nobody sang this song on my birthday, which was August 1st.



We visited the hospital three times when I turned six months old because I was sick.



The third time, the doctor arranged a long stay in the hospital for me. I stayed there for three days.



My father was also sick at this time because he was busy with commuting between the hospital and our home.



It's good, I think. It's a good excuse for not updating this blog.

Model: myself
Location: at my mom's school
Camera: smartphone
Photographer:
Ying Mway (Brenda)
Time: July 26, 2012


Friday, July 6, 2012

Name

.




Currently, some people are talking about Burma.
The former generals said that the country's name is Myanmar according to their constitution.
What they mean is that we need to use "Myanmar" if we respect the constitution drafted by the generals.
In other words, we still can use "Burma" if we don't like their constitution.

In the near future, they may change some words in the constitution so that everyone in the world must say "Myanmar".
The official name of my official blog is "Burmese Boy".
If the generals are aware of my blog, they can force me to change the name of my blog to "Myanmese Boy".

Myanmese! Myanmese! Oh, it's not comfortable to pronounce! Phew!!


.