Monday, August 8, 2016

စောဝါးဝါးရှီး ဘားအံခရီး


ရွာမှာ ရက်ပေါင်း ၃ဝ ကျော် နေထိုင်ပြီး သကာလ ဘားအံမြို့ကို အလည်ရောက်တဲ့ စောဝါးဝါးရှီး။
ပျော်စရာကြီးပေါ့။

ဘားအံရောက်တော့ စိတ်ဝင်စားစရာ ကောင်းတဲ့ ဆိုင်လေးတခုမှာ သွားစားကြတယ်။
မေမေ့ သူငယ်ချင်း ခေါ်သွားတာ အဲဒီနေရာကို။ ညစာ ကျွေးတယ်။ လူကြီးတွေကတော့ စားလို့ ကောင်းကြတယ်။
စောဝါးဝါးရှီးကလည်း ... အင်း... ကောင်းပါတယ်။

ဆိုင်အကြောင်း ညီလေးရဲ့ စာမျက်နှာ http://sawthashee.blogspot.com/2016/08/blog-post_6.html မှာ ဖတ်ပါ။

လူကြီးတွေလည်း မတွေ့ရတာကြာပြီမို့ ဝမ်းသာအားရ စကားတွေ ပြောကြ။

သားလည်း ဘားအံ အိမ်မှာ  အရုပ်တွေ အများကြီးတွေ့ရလို့ ဝမ်းသာတယ်။   ။


No comments:

Post a Comment