Saturday, October 29, 2016

ပျော်ပါးဖို့ရာ လွယ်ပါတယ်


အုတ်နံရံမှာ ပုံဆွဲရမယ်လို့ မူကြိုကျောင်းမှာ သင်ပေးလိုက်သလား မသိပါဘူး၊ အိမ်မှာတော့ အကြီးကောင်က နံရံတွေကို အပိုင်စား ရထားတော်မူတယ်။



 မနှစ်တုန်းကတော့ ခဲတံ၊ ဘောပင်တို့နဲ့ ဆွဲထားတာဆိုတော့ အနီးကပ်ကြည့်မှ သူ့လက်ရာကို ခံစားနိုင်တယ်။
ဒါကို သူက အားမရဘူး ထင်ပါရဲ့... အခုတော့ ဆော့ပင်သုံးပြီး လက်စွမ်းပြလာတယ်။


ပုံ 1 က လေယာဉ်ပျံ။ လေယာဉ်ပျံအောက်က ခရီးသည်လက်တွန်းလှည်းပုံဖြစ်မယ်လို့ ယူဆရ။
သူ ၂ နှစ်သား အရွယ် မရောက်ခင် ရန်ကုန် မန္တလေး လေယာဉ် ခရီးစဉ် ၂ ကြိမ်လောက် ကြုံဖူးတယ်။ အဲဒါကို သူ မှတ်မိမယ် မထင်ဘူး။
စကားပြောတတ်ခါစ ၃ နှစ် ပြည့်တော့ လေယာဉ်ပျံ ဆိုတာကို သိနေပြီ။ ကာတွန်းကား၊ ရုပ်ရှင်၊ စာအုပ်တွေထဲ မြင်တယ်ဆိုရင် "လေယာဉ်ပျံ၊ လေယာဉ်ပျံ" ဆိုပီး အော်ပြောတတ်နေပြီ ရင်ခုန်စွာနဲ့။ သူ့ဖေဖေကို ပုံဆွဲခိုင်းတဲ့အခါ လေယာဉ်တို့၊ ရထားတို့ ဆွဲပေးဖို့ ပွဲတောင်းတတ်နေပြီ။
 ၄ နှစ် ပြည့်ပြီးတော့ လေယာဉ်ကွင်းကို နှစ်ကြိမ် ထပ်သွားတယ်။ လေယာဉ်စီးဖို့ မဟုတ်။ ခရီးသည်ကြိုဖို့။ လေယာဉ်ပျံကို မမြင်ရဘူး၊ တွန်းလှည်းတွေ လူတွေကိုပဲ မြင်ရတယ်။ မေမေ ဖေဖေ သွားလာတဲ့နေရာ သူ့ကို ခေါ်တဲ့အတွက် သူ ကျေနပ်တယ်။


ပုံ 2 က ရထား။ ရထားကို ၁ နှစ်သား ပြည့်ပြီးကတည်းက တမေ့တမော စီးဖူးပေမယ့် သူ မမှတ်မိဘူး ထင်တာပဲ။
ရထားတွေကို ဇာတ်ကောင်အဖြစ် သရုပ်ဖော်ထားတဲ့ ကာတွန်းကားကြည့်ပြီး ရထားကို ရထားမှန်း သိနေတာ။
ရန်ကုန် မြို့ပတ်ရထား ၁ ကြိမ် စီးဖူးတယ်။
မနှစ်က ဆိုရင် ကောင်းကောင်း မကြော်ငြာ၊ လူမသိ၊ လူမစီးလို့ ရပ်လိုက်ရတဲ့ ပုဇွန်တောင်-မော်တင် ကားရထား ၁ ကြိမ် စီးဖူးတယ်။
ကလေး ဆိုတော့ ရထားမြင်ရင် ရင်ခုန်နေပါလိမ့်မယ်။
ဒီဇင်ဘာ ရွာပြန်ရင် ရထားနဲ့ ပြန်မယ်လို့ သူ့မေမေက ဆုံးဖြတ်ထားတော့ သူ ရင်ခုန်ရတော့မယ် ဆိုပါစို့။

ပုံ 3 က သင်္ဘော။ ဒါလည်း ရုပ်မြင်သံကြားမှာ မြင်ရတာတွေထဲက တခု။ ရန်ကုန်-ဒလ အသွားအပြန် စီးဖူးတာ မနှစ်က ဆိုတော့ သူ မှတ်မိပါလိမ့်မယ်။

ပုံ 4  က ဘာလဲ သူ့ကို မေးတော့ မော်လမြိုင်ကား လို့ ဆိုတယ်။ မော်လမြိုင် ရန်ကုန် အဝေးပြေးကားကို ဆိုလိုချင်ပုံပဲ။ ကားမှာ ကကြီး လို့ ရေးထားတာက အင်္ဂလိပ်စာလုံး M ဖြစ်ပါလိမ့်မယ်။
မော်လမြိုင်ဘက်ကို အဝေးပြေးကားနဲ့ သွားတုန်းက မန္တလာမင်းကား အသုံးများတယ်။ မန္တလာမင်းက M ကို ခပ်ကြီးကြီး ရေးထားတတ်တယ်။ ဒါကြောင့် သူက M ကို ရေးလိုက်တာ ဖြစ်နိုင်ကြောင်း သူ့မေမေက သုံးသပ်တယ်။

ပုံ 5 က အရေးပေါ်ကားလို့ ဆိုတယ်။ ကာတွန်းကားထဲ ပါတတ်တဲ့ကား ဆိုပါတော့။ ဟိုတလောက အောက်ထပ် မြောင်းမြဒေါ်ချိုမုန့်ဟင်းခါးဆိုင်မှာ မွေ့ယာတခု မီးလောင်သွားတုန်းက မီးသတ်ကား တပြုံတခေါင်း ရောက်လာတယ် ညကြီးမင်းကြီး။
ညဘက် အရေးပေါ်မီး၊ ဥသြဆွဲသံတွေနဲ့ ရောက်လာတဲ့ အရေးပေါ်ကား မီးသတ်ကားတွေ အနီးကပ် မြင်လိုက်ရတာ သူ့အတွက် မဟာ အခွင့်အရေး ဖြစ်ပါလိမ့်မယ်။

ပုံ 6 က အမှိုက်ကားပုံ လို့ ဆိုတယ်။

သူ့လက်ရာ ဒီပုံတွေက အလှ ပြထားတာပါ။ ဘယ်သူ့ကိုမှ မရောင်းပါ။


1 comment:

  1. RajaKartu.win adalah forum komunitas judi online Indonesia yang membahas tentang berbagai macam permainan judi online seperti Judi Bola, Casino Online, Poker, Domino, Togel dan Bola Tangkas Online. Kunjungi http://rajakartu.win untuk mendapatkan informasi dan prediksi terbaru seputar judi online

    Forum Judi Online Indonesia
    Forum Judi Bola
    Forum Casino Online
    Forum Judi Poker
    Forum Judi Togel
    Komunitas Judi Online

    ==================================================

    Hi..! Gan, Ayo kunjungi situs http://judipoker.forumotion.com untuk mengikuti diskusi terkini seputar judi online, poker online dan casino online. Di forum ini juga menjadi ajang promosi bagi agen-agen judi online terpercaya di Indonesia

    Forum Judi Poker Indonesia
    Forum Poker Online
    Forum Casino Online
    Forum Poker
    Forum Judi Online
    Komunitas Poker Online

    ==================================================

    365LIGA.NET AGEN JUDI ONLINE TERPERCAYA

    MELAYANI PEMBUATAN AKUN TARUHAN ONLINE, SEPERTI:

    - SBOBET (PASARAN TERBAIK, KOMISI FULL)
    - IBCBET (PASARAN TERBAIK, KOMISI FULL)
    - SBOBET CASINO (KOMISI ROLLINGAN 0,7%)
    - LIVE TOGEL (BOLA PINGPONG 24D)

    MINIMAL DEPOSIT/WITHDRAW RP 50 RIBU
    PELAYANAN CEPAT DAN AMAN
    LIVE SUPPORT 24 JAM
    BANK: BCA, MANDIRI, BNI, BRI
    WEBSITE: http://365LIGA.COM | http://365LIGA.NET


    Agen Casino Online
    Agen Taruhan Bola
    Bandar Bola Online
    Bandar Judi Online
    Agen Bola SBOBET

    ReplyDelete